Wednesday, January 16, 2013

အစိုးရစစ်တပ်က KIA ကို လေကြောင်းမှ ပြင်းထန်စွာ ထိုးစစ်ဆင်
ယခုလအတွင်း ဖြစ်ပွားသော စစ်ပွဲပေါင်း ၁၅၀ ၀န်းကျင်အနက် ယနေ့ထိုးစစ်ဆင် ပစ်ခတ်မှုသည် အကြီးမားဆုံး ထိုးစစ်ဆင်မှုဟု ပြောဆိုနိုင်ကြောင်း၊ မြန်မာ့တပ်မတော် လေတပ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တိုက်ရိုက် လမ်းညွှန်မှုဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Tuesday, January 15, 2013

Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated Partition စနစ်ဖြင့် ဖြေရှင်းနိုင်

လက်ရှိ ပြည်တွင်းတွင် အသုံးပြုလျက် ရှိသော Android OS ဖုန်းများတွင် Hard Brick ဖြစ်ခြင်း၊ Soft Brick ဖြစ်ခြင်းများ အပြင် Super Brick ဖြစ်ခြင်းများ ပါရှိ လာခဲ့ပြီး ယင်းသို့ Super Brick ဖြစ်လာ ပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် ဖြေရှင်း ပေးနိုင်မည် ဖြစ်ကြောင်း
သိရသည်။
ယင်းကဲ့သို့ Super Brick အခြေအနေထိ ဖြစ်ရခြင်းမှာ မိုဘိုင်းဖုန်း အသုံးပြု သူများ အနေဖြင့် မိမိတို့၏ ဖုန်းများကို မကြာခဏ Firmware Version အတင်အချ ပြုလုပ်ခြင်း၊ မကြာခဏ Rooting ပြုလုပ်ခြင်း များကြောင့်လည်း ဖြစ်နိုင်သည့် အပြင် ROM မှ လက်မခံသော Application နှင့် အခြား Firmware များ မှားယွင်း ထည့်သွင်းခြင်း များကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ X-Code မိုဘိုင်းဖုန်း သင်တန်းကျောင်းနှင့် မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ကျွမ်းကျင်သူ ကိုပြည့်ဖြိုးက ပြောပြရာတွင် “ကျွန်တော်တို့ အရင်တုန်းက Android OS ဖုန်းတွေမှာ Soft Brick, Hard Brick ဆိုတာ လောက်ပဲ ရှိခဲ့ပေမယ့် ခုနောက်ပိုင်း မှာတော့ Super Brick ဆိုတာ တွေပါ ရှိလာ ခဲ့ပါပြီ။ Super Brick ဆိုတာ ကလည်း အရင် ကတည်းက ရှိပြီးသား ဖြစ်မှာပါ။ ဈေးကွက်ထဲမှာ ကျွမ်းကျင်သူက နည်းတဲ့ အတွက် ဒီလိုဖြစ်သွား ခဲ့တဲ့ ဖုန်းတွေမှာ ဘာမှ ပြန်လုပ်လို့ မရတော့ဘဲ လက်လျှော့ လိုက်ရတာ မျိုးတွေ ရှိခဲ့ပါတယ်။ ခုချိန်မှာတော့ ဒီလို အခြေအနေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလာပါပြီ။ Soft Brick ဆိုတာ ကတော့ ဖုန်းက ပါဝါဆက် မတတ်တော့ဘဲ Download Mode ပဲ ခေါ်လို့ရတဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင်တော့ အလွယ်တကူ ပြန်လုပ်လို့ ရပါတယ်။ Hard Brick ဆိုတာ ကတော့ ဖုန်းက Download Mode ပျောက်သွားပြီး ဘာမှ မပေါ်တော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင် Android ရဲ့ ဆားကစ်ပိုင်းကို ခွာပြီး အသစ်ပြန်ဆွဲ ပေးရတဲ့ အခြေအနေထိ ရှိပါတယ်။ ခု Super Brick ဆိုတာ ကတော့ Download Mode ပေါ်ပြီး ဘာမှ လုပ်လို့ မတော့တဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ Soft Brick နည်းလမ်းရော Hard Brick နည်းလမ်း နဲ့ရော ဘယ်လိုမှ လုပ်လို့ မရတော့တာကို Super Bridge လို့ ခေါ်တာပါ” ဟု ပြောပြခဲ့သည်။ Super Brick အခြေအနေတွင် Download Mode ပေါ်နေသေး သော်လည်း Firmware ကို မည်သို့မှ ပြန်လည် ထည့်သွင်း၍ မရနိုင်တော့သော အခြေအနေထိ ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းသို့ Super Brick အခြေအနေမျိုး ဖြစ်လာပါက ပြန်လည် ပြုလုပ်၍ ရနိုင်သော်လည်း ဖုန်းတွင်းရှိ မှတ်ဉာဏ် စနစ်ပိုင်း များတွင် ဆုံးရှုံးမှု အချို့ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ Android OS ဖုန်းများတွင် Super Brick အခြေ အနေမျိုး ဖြစ်လာပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် နိုင်မည် ဖြစ်ပြီး ယင်းစနစ်ကို Linux OS Platform အား ကျွမ်းကျင်သူ များမှ ပြုလုပ်မည် ဆိုပါက Super Brick ဖုန်းများကို ပြန်လည် ကောင်းမွန် လာအောင် ပြုလုပ်နိုင်မည် ဖြစ်သော် လည်း  ဖုန်းတွင်း မှတ်ဉာဏ် စနစ်ပိုင်းတွင် တစ်ဝက်ခန့် ဆုံးရှုံး သွားနိုင်မည် ဖြစ်ကြောင်း ကိုပြည့်ဖြိုးက ထပ်မံ ပြောပြ ခဲ့သည်။

မန်စီးတီးကိုနည်းပြလိုသော ဂွာဒီယိုလာ

ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာသည် လာမည့် နွေရာသီတွင် မန်စီးတီး အသင်းကို ကိုင်တွယ်ခွင့် ရရန် မျှော်လင့်နေပြီး မန်ယူနှင့် ချဲလ်ဆီး အသင်း တို့ကို ငြင်းဆိုခဲ့သည်။ ဂွာဒီယိုလာသည် ဘာစီလိုနာ

"နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"


Photo: "နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ
ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"

Tuesday, 15 January 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်
ကြပြီး ဧည့်သည်တော် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆိုပါ ကော်မတီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Georges Paelisanu နှင့် တာဝန်ရှိသူ
များလည်း တက်ရောက်သည်။

(နိုင်ငံတော် သမ္မတရုံး)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီခွဲတွင်နေပြည်တော်ရှိနိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆိုပါ ကော်မတီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Georges Paelisanu နှင့် တာဝန်ရှိသူ
များလည်း တက်ရောက်သည်။

(နိုင်ငံတော် သမ္မတရုံး)

ဖွန်းပျဉ်ဘွန် တောင်ကုန်းကို သိမ်းပိုက်ရေး အစိုးရတပ် ဆက်လက် ထိုးစစ်ဆင်

ဆွီဒင်အမျိုးသမီး ရထားခိုးယူမောင်းနှင်ရာမှ နေအိမ်အား ဝင်ရောက်တိုက်မိ



 ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ရထားခိုး ယူမောင်းနှင် ရာမှ နေအိမ်ခန်းအား ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့ (ဇန်နဝါရီ ၁၅ ရက်) နံနက် အစော ပိုင်းကအသက် ၂၀ အရွယ် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးမှာ ရထားအားခိုးယူ၍ တစ်မိုင် နီးပါးခန့် မာင်းနှင်သွားခဲ့ပြီးနောက် ရထားလမ်းချော်သွားခဲ့ပြီးစတော့ဟုမ်းဆင်ခြေဖုံး ရှိ နေအိမ်တစ်လုံးအား ဝင်တိုက်မိခဲ့သည်။ ဒေသစံတော်ချိန် နံနက်အစောပိုင်း ၂း၃၀