Tuesday, January 15, 2013

မန်စီးတီးကိုနည်းပြလိုသော ဂွာဒီယိုလာ

ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာသည် လာမည့် နွေရာသီတွင် မန်စီးတီး အသင်းကို ကိုင်တွယ်ခွင့် ရရန် မျှော်လင့်နေပြီး မန်ယူနှင့် ချဲလ်ဆီး အသင်း တို့ကို ငြင်းဆိုခဲ့သည်။ ဂွာဒီယိုလာသည် ဘာစီလိုနာ
အသင်းနှင့် အတူ
အောင်မြင်မှုများ ရရှိခဲ့ပြီး နည်းပြ ဘ၀မှ ၁ နှစ် အနားယူကာ လာမည့် ရာသီတွင် နည်းပြ လောကသို့ ပြန် လာမည် ဖြစ်ပြီး မန်ယူ၊ ချဲလ်ဆီး၊ ဘိုင်ယန်နှင့် မီလန် အသင်းတို့၏ စိတ်ဝင်စားခြင်း များကို ငြင်းဆိုမည် ဖြစ် သည်။ စပိန်ဘောလုံး ရပ်ဝန်းမှ အဆိုအရ ဂွာဒီယိုလာမှာ မန်စီးတီးသို့ ရောက်ရန် သေချာေ နကြောင်း သိရ သည်။ မန်စီးတီး နည်းပြ မန်ချီနီမှာ ယခုရာသီ အပါအ၀င် နောက်ဆုံး ၂ ရာသီတွင် ချန်ပီယံ လိဂ်၌ အသင်းကို အုပ်စု အဆင့်ထက် ပို၍ မစွမ်းဆောင် နိုင်ခြင်းကြောင့် ရာထူးမှ ထွက်ရနိုင်ချေ ရှိနေသည်။ ဂွာဒီယိုလာသည် မန် စီးတီး အသင်းကို တစ်နှစ်ပေါင် ၁၀ သန်း လုပ်အားခနှင့် အတူ နည်းပြ အဖြစ် ခန့်အပ် ခံရမည်ဟု သတင်း ထွက်နေသည်။

No comments:

Post a Comment